Seven Art Planters  ပန်းချီပြပွဲ ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မဟာဝိဇ္ဇာ(ပန်းချီ) ကျောင်းသား၊ ကျောင်းသူများနှင့် စတုတ္ထနှစ်(ပန်းချီ) ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ကံ့ကော် ဆောင် ပထမထပ်၊ ပန်းချီပညာဌာနရှိ P-202 ပန်ခီအနုပညာပြခန်း၌ Seven Art Planters  အမည်ဖြင့် မေလ ၂၉ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ နေ့စဉ် နံနက် ၀၉:၀၀ နာရီမှ ၁၅:၃၀ နာရီအထိ ပန်းချီပြပွဲကျင်းပခဲ့ပါသည်။

          အဆိုပါပန်းချီပြပွဲသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။           ပြပွဲတွင် ပါဝင်ပြသထားသော ပန်းချီကားများမှာ စာသင်နှစ် ပထမနှစ်ဝက်အတွင်း ကြိုးစားအားထုတ်ကာ ရေးဆွဲလေ့ကျင့်ထားသော ဆီဆေးပန်းချီကားများ၊ အခရိုင်းလစ်ပန်းချီကား များ၊ ရေဆေးပန်းချီကားများ၊ ရိုးရာပန်းချီကားများ၊ စတေလိုက်(ဖ်) ပန်းချီများ၊ လူပုံ (Portrait) များ ပါဝင်ပြသထားပါသည်။ စုစုပေါင်း ပန်းချီကား (၄၈)ကား ပြသထားပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.