စာအုပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း

ဦးဂျယ်ရီကြိုင်၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)၊ သမိုင်းသုတေသနဦးစီးဌာန၊ မြန်မာသမိုင်းအဖွဲ့ (အချိန်ပိုင်းအဖွဲ့ဝင်)က အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်းပွဲ အခမ်းအနားကို ၁၅-၆-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ဦးဂျယ်ရီကြိုင်က စာအုပ်များလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ စာအုပ်များပေးအပ်လှူဒါန်းခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက စာအုပ်များလက်ခံခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ မုဒိတာစကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။   ထို့နောက် ဦးဂျယ်ရီကြိုင် နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်သို့ သွားရောက်လေ့လာခဲ့ပါသည်။           လှူဒါန်းမှုစုစုပေါင်းမှာ မြန်မာစာအုပ် (၄၅)အုပ်၊ အင်္ဂလိပ်စာအုပ် (၅)အုပ်၊ မဂ္ဂဇင်း (၂၂)အုပ်၊ စာတမ်း(၂)အုပ်၊ ဌာနတွင်းဖတ်စာတမ်း (၄၅)စောင်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဦးဂျယ်ရီကြိုင်၏ သီးသန့်စာစု (Special Collection) အဖြစ် ထိန်းသိမ်းထားမည်ဖြစ်ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.