(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်)  ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ(၂/၂၀၂၃)အစည်းအဝေးကျင်းပခြင်း

    

            (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(အဆင့်မြင့်ပညာ အဆင့်)  ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ(၂/၂၀၂၃)အစည်းအဝေးကို ၁၂-၉-၂၀၂၃ ရက်နေ့၊ ၁၄း၃၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် နည်းပညာကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

            အစည်းအဝေးတွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် အကဲဖြတ်အမှတ်ပေးပုံစံများစိစစ်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက ဆောင်ရွက်ထားရှိမှုများအားတင်ပြပြီး အစည်းအဝေး တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက ဆွေးနွေးတင်ပြကြပါသည်။

            ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊အက၊အရေး၊ အတီး  (အဆင့်မြင့် ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် အကဲဖြတ်အမှတ်ပေးပုံစံများစိစစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက နိဂုံးချုပ် စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.