သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ရှိ သုတဆောင် အဆောက်အဦ ပြင်ဆင်မွမ်းမံပြီးစီးမှုအခြေအနေအား ကြည့်ရှု စစ်ဆေး ရန်ကုန်  မတ်  ၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် မတ်လ ၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ သုတဆောင် အဆောက်အဦ ပြင်ဆင်မွမ်းမံပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးစဉ် အစည်းအဝေးခန်းမ၌ အဆောက်အဦအထူးအဖွဲ့(၂)မှ ဒုတိယ ညွှန်ကြားရေးမှူးက သုတဆောင် အဆောက်အဦ ပြင်ဆင်မွမ်းမံပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတဆောင်အဆောက်အဦ ပြင်ဆင်မွမ်းမံပြီးစီးမှု အခြေအနေအား လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ အဆောက်အဦအမိုး မိုးခြင်း ဆောင်ရွက်ရာတွင် မိုးရေယိုစိမ့်မှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်နှင့် အဆောက် အဦအတွင်းပိုင်း ပြန်လည်နေရာချထားရေးကို စနစ်တကျဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.