သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏ (၇၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း

၂၂-၃-၂၀၂၄ ရက်နေ့တွင် ကျရောက်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ (၇၂) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၂-၃-၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်အပေါ်ထပ်ရှိ ယဉ်ကျေးမှု ခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၂၀၀) ဦးခန့် တက်‌ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)၏ (၇၂) နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် ပေးပို့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၏ နှစ်ပတ်လည်နေ့ အခမ်းအနားသဝဏ်လွှာဖတ်ကြားခြင်း၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းသော ပန်းပေါင်းစုံဘုရားများအားထပ်ဆင့်လှူဒါန်းခြင်း၊ ထူးချွန်သူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခြင်း၊ နို့စိမ်းခေါက်ဆွဲနှင့်လက်ဖက်ရည် တို့ဖြင့် တည်ခင်းဧည့်ခံခြင်းနှင့် ဝန်ထမ်းများ အား ပဲဆီ (၁)ပိဿာဘူး ပေးဝေခြင်း စသည်တို့ပြုလုပ်ကာ အခမ်းအနားကို (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.