၂၀၂၃ ခုနှစ်၊ (၁၈)ကြိမ်မြောက် သင်္ကြန်ကာလ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ (၁၈) ကြိမ်မြောက် သင်္ကြန်ကာလမြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ၁၇.၄.၂၀၂၃ (မြန်မာနှစ်ဆန်းတစ်ရက်)၊ တနင်္လာနေ့ ၁၄:၀၀ နာရီအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊  ရုံးအမှတ် (၃၅)၊ နေပြည်တော်၌  ကျင်းပပြုလုပ်ခဲ့ရာ အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခြင်း၊ နေပြည်တော် ပျဉ်းမနားမြို့၊ မြို့မစမ်းမြိုင်ကျောင်းတိုက်သစ်ဆရာတော် ဦးဇိနောဒယမထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူခြင်း၊ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့် ကုသိုလ်ကောင်းမှုအတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ဆောင်ရွက် ခဲ့ကြပါသည်။

၂၀၂၃ ခုနှစ်၊ သင်္ကြန်ကာလ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးမိဘ/ ဘိုးဘွားများအား အဘိုး(၁)ဦးလျှင် ပုဆိုး၁ထည်နှင့် လှူဒါန်းငွေကျပ် ၅၀၀၀၀၊ အဘွား ၁ ဦးလျှင် ထမီ ၁ ထည်နှင့် လှူဒါန်းငွေကျပ် ၅၀၀၀၀ တို့ကို ဌာနအလိုက် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.