အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏”မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ” ကျင်းပခြင်း

၂၀၂၅ ခုနှစ်၊ မိုးရာသီကာလ၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပရဝဏ် စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပစေရေးအတွက်  “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ၇-၇-၂၀၂၅  ရက်နေ့၊ နံနက် ၀၈:၃၀ နာရီတွင် တက္ကသိုလ်ဝင်းအတွင်းရှိ  ဓမ္မာရုံရှေ့ မြေကွက်လပ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက  အမှာစကားပြောကြားခဲ့ပါသည်။

        ဆက်လက်၍ ပါမောက္ခချုပ်က ဌာနမှူးများထံသို့ ပျိုးပင်များ ပေးအပ်ခြင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမ များနှင့် ဝန်ထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် ကံ့ကော်၊ ခရေ၊ ငုဝါ၊ ပျဉ်းမ၊ ပိတောက်၊ မန်ကျည်း စသည့် သစ်အမျိုးအစား (၆)မျိုး၊ ပျိုးပင်ပေါင်း(၁၅၀)အား စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ ကြပါသည်။

Loading