မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၂၅) ကျင်းပရန်ကုန်ဇူလိုင်လ ၁၆

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေး(၂/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ ၁၄ : ၀၀ နာရီတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ Hybrid System ဖြင့် ကျင်းပရာမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု)ဒေါ်နုမြဇံ၊  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊  ပြည်နယ်နှင့်တိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင် ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ Video Conferencing ဖြင့် လည်းကောင်း တက်ရောက်ကြသည်။

          အစည်းအဝေးတွင် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံက အဖွင့်အမှာစကား ပြောကြားရာတွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ (၆/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းရင်းသားဝတ်စုံများနှင့်ပတ်သက်၍ လွဲမှားမှုမရှိစေရန် ဝတ်စုံများ၏ ဇစ်မြစ်ကိုပါ လေ့လာစိစစ်တင်ပြရန်အတွက်  မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ၏ လုပ်ငန်း တာဝန်များဖြစ်သည့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ် နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား လူမျိုးများအလိုက် ဝတ်စားဆင်ယင်ထုံးဖွဲ့ကြသော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအား ကွင်းဆင်းသုတေသနပြု၍ သက်ဆိုင်ရာအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လေ့လာ စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီသို့အချိန်နှင့်တစ်ပြေးညီတင်ပြ၍ အတည်ပြု ချက်ရယူဆောင်ရွက်ရန်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝတ်စုံ မှန်များပေါ်ထွန်းလာအောင် ကူညီပေးကြသော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း မြှင့်တင်ရေး လုပ်ငန်းကော်မတီများ၏ ကူညီမှုဖြင့် ပထမအကြိမ် ဝတ်စုံ(၁၀)မျိုးကို မြန်မာ နိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီသို့အတည်ပြုရန် ပေးပို့တင်ပြနိုင်ပြီးဖြစ်ပါကြောင်း ကျန်ရှိနေသေးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံ မှန်များ မှန်ကန်မြန်ဆန်စွာ ရရှိရေးအတွက် ကြိုးပမ်းပေးကြစေလိုပါကြောင်း၊ အချို့သော ပြည်နယ်တိုင်းများမှ ပေးပို့သည့်ပုံများမှာ အနည်းငယ်အားနည်းချက်ရှိနေသည်ကို တွေ့ရှိရ ပါကြောင်း၊ အချို့တိုင်းရင်းသားများ၏ခေတ်အဆက်ဆက် ဝတ်ဆင်ခဲ့ကြသည့် ဝတ်စုံများ သည် ယနေ့ခေတ်တွင် ခေတ်နှင့်မဆီလျော်တော့သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ခေတ်အလိုက်ပြောင်းလဲကာ ရှိသင့်ရှိထိုက်သည့် ရိုးရာဝတ်စုံများကို သတ်မှတ်၍ ပေးပို့ကြစေ လိုပါကြောင်း၊ ဝတ်စုံများကို စာသားဖြင့် ရေးသားဖော်ပြခြင်းအပြင် ဝတ်စုံအမျိုးအစား တစ်ခုချင်းစီကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ဝတ်ဆင်ထားပြီးပုံကိုလည်းကောင်း၊ ဝတ်ဆင်သည့်နည်းစနစ် အဆင့်ဆင့်ကိုလည်းကောင်း၊ ဓာတ်ပုံများနှင့် Short Video များကို နောက်ခံအပြာရောင်ဖြင့် အားလုံးတူညီအောင်ဆောင်ရွက်၍ သတ်မှတ်စံနှုန်းနှင့်အညီ ရိုက်ကူးပေးစေလိုပါကြောင်း၊ ထို့ပြင် ကျမ်းကိုးများ၊ အထောက်အထားများကိုလည်း စနစ် တကျဖော်ပြပေးစေလိုပါကြောင်း၊ ယခုပေးပို့သည့် ပုံများကို မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီသို့ တင်ပြ၍  မှတ်တမ်းစာအုပ်ထုတ်ဝေသွားမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်‌ရေး ကော်မတီ အတွင်းရေးမှူး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့မှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွား ရေးအသင်းများမှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဌာနခွဲတာဝန်ခံများ၊ အစည်းအဝေးတက်ရောက်သူများက ဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအား ပြန်လည်ဆွေးနွေးကြသည်။ ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်‌ရေးကော်မတီ အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်က အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုရန်တင်ပြရာ တက်ရောက်လာကြသူများက တင်ပြချက်များအား အတည်ပြုကြသည်။

          ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်

Loading