အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ၏ သင်တန်းဆင်းအောင်လက်မှတ် အပ်နှင်းချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများဖြစ်သော ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီ ပညာ၊ ပန်းပုပညာ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာနှင့် အနုပညာ ကွန်ပျူတာဒီပလိုမာ အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂)မှ Level-I, Level-II, Level-III သင်တန်းများကို ၂၄-၃-၂၀၂၅ ရက်နေ့မှ ၂၉-၆-၂၀၂၅ ရက်နေ့ထိဖွင့်လှစ်ခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်း သင်တန်းဆင်းအောင်လက်မှတ် အပ်နှင်းချီးမြှင့်ပွဲအခမ်းအနားကို ၄-၇-၂၀၂၅ (သောကြာနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် သရဖီဆောင်၊ အနုပညာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် အချိန်ပိုင်းအနုပညာဒီပလိုမာ Level – I သင်တန်း၌ သင်တန်းသား၊ သင်တန်းသူ ဂီတပညာဌာနမှ (၂၁) ဦး၊ သဘင်ပညာဌာနမှ (၈) ဦး၊ ပန်းချီ ပညာဌာနမှ (၃၉)ဦး၊ ပန်းပုပညာဌာနမှ (၄)ဦး၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ (၅)ဦး၊ ယဉ်ကျေးမှုအမွေအနှစ်စီမံ ခန့်ခွဲမှုပညာဌာနမှ (၇)ဦး၊ Level-I သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈၄)ဦး၊ Level-II သင်တန်း၌ သင်တန်းသား၊ သင်တန်းသူ ဂီတပညာဌာနမှ (၃၂)ဦး၊ သဘင်ပညာ ဌာနမှ (၁၁)ဦး၊ ပန်းချီပညာဌာနမှ (၃၈)ဦး၊ ပန်းပုပညာဌာနမှ (၄)ဦး၊ ရုပ်ရှင်နှင့်ပြဇာတ် ပညာဌာနမှ (၅)ဦး၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနမှ (၈)ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာ (၄၃) ဦး၊ Level-II သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၄၁)ဦး၊ Level  – III သင်တန်း၌  သင်တန်းသား၊ သင်တန်းသူ ဂီတပညာဌာနမှ   (၆) ဦး၊ သဘင်ပညာဌာနမှ (၅)ဦး၊ ပန်းချီပညာဌာနမှ (၁၇)ဦး၊ Level- III သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၈)ဦး၊ Level – I နှင့် Level-II နှင့် Level_III သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၅၃)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ  အပ်နှင်းချီးမြှင့်ခဲ့ပါသည်။

Loading