တေးရေး၊ တေးဆို ဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ စန္ဒရား တင်ဝင်းလှိုင်၏ တစ်သက်တာ တီးခတ်ခဲ့သော စန္ဒရားကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာန သို့ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ၂၈-၇-၂၀၂၅ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီတွင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဂီတပညာ ဌာနနှင့် သဘင်ပညာဌာနမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြင်ပပညာရှင်များ၊ စန္ဒရားတင်ဝင်းလှိုင်၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ စန္ဒရားတင်ဝင်းလှိုင်၏မိသားစုက စန္ဒရားအား ပါမောက္ခချုပ်ထံပေးအပ်လှူဒါန်းခြင်း၊ ပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ သမီးဖြစ်သူ မဝင်းသွဲ့သွဲ့က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ စန္ဒရား တင်ဝင်းလှိုင်၏ အနုပညာ လှုပ်ရှားမှုများအား short Video Clip ဖြင့် ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ဖျော်ဖြေတင်ဆက်ခြင်းအစီအစဉ်တွင် စန္ဒရားတင်ဝင်းလှိုင် ရေးသားခဲ့သည့် သီချင်းများဖြစ်သော “ချမ်းမြေ့ပါစေ”၊ ထို့ကြောင့်ဤအရာကို အချစ်ဟုခေါ်သည်”၊ “ချစ်ကြွေးဆပ်” သီချင်းတို့ကို တက္ကသိုလ်မှ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တေးသံရှင်တစ်ဦးတို့က သီဆိုခဲ့ပါသည်။









![]()