“Semi-folk Purulia Chhau Dance ဖျော်ဖြေတင်ဆက်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း”

အိန္ဒိယနိုင်ငံ Indian Council of Cultural Relations မှ Semi-folk Purulia Chhau အက အဖွဲ့သည် ၁၃-၈-၂၀၂၅ ရက်နေ့တွင် နံနက် ၁၀:၃၀ နာရီမှ ၁၂:၁၅ နာရီအထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ Semi-folk Purulia Chhau Dance ဖျော်ဖြေတင်ဆက်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ Semi-folk Purulia Chhau အက အဖွဲ့မှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားခြင်း၊ Swami Vivekananda ယဉ်ကျေးမှု စင်တာမှ Director Ashish Kandhway က အမှာစကားပြောကြားခြင်း၊ ဟိန္ဒူစတာနီ အဆိုပညာရှင် နှင့် ဂီတဆရာမတစ်ဦးဖြစ်သူ Ms. Subhra Dutta မှ sung a song of Saraswati Vandana တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဆက်လက်ပြီး ရဲစွမ်းသတ္တိနှင့်နတ်ဘုရားများ၏ ကြားဝင် စောင့်ရှောက်မှုတို့ကို ဖော်ကျူးတင်ဆက်ထားသော ထာဝရအသက်ဝင်ရှင်သန်နေမည့် ဇာတ်လမ်း ပုံပြင်နှစ်ခုကို သရုပ်ဖော်တင်ဆက်ထားသည့် “Purulia Chhau Dance” နှင့် “Prahlad Dance” တို့ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဖျော်ဖြေတင်ဆက်မှုအပြီးအတွင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အိန္ဒိယအနုပညာရှင်များက လက်တွေ့သင်ကြားပို့ချခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။ ထိုအကကို စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများက တက်ရောက် လေ့လာသင်ယူခဲ့ပြီး  အလုပ်ရုံဆွေးနွေးပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

Loading