“တက္ကသိုလ်အဆင့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ” အခမ်းအနားကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏“တက္ကသိုလ်အဆင့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ” အခမ်းအနားကို ၁၄-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပပြုလုပ်ရာ ဒေါ်စန္ဒာခင်၊ ဒုတိယဝန်ကြီး(ငြိမ်း) ယဉ်ကျေးမှုဝန်ကြီးဌာန၊   အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားခြင်း၊ စာတမ်းဖတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါ သည်။ ထို့နောက် “စာတမ်းဖတ်ကြားခြင်းပထမပိုင်း” တွင် ဒေါ်ဇင်မာအောင်၊ လက်ထောက် ကထိက(ဂီတ)က “မဟာဂီတဝင်ဗုဒ္ဓပူဇနိယတေး(မာရဝိဇယဘွဲ့)ကို လေ့လာချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ဦးအောင်သန်းဝင်း၊ လက်ထောက်ကထိက(သဘင်)က “မြန်မာသံချိုကိုင် နှင့်အင်ဒိုနီးရှားဒါလန်း (Dalang)တို့၏ အနုပညာအားလေ့လာခြင်း” ခေါင်းစဉ်တို့ဖြင့် စာတမ်း ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက သဘာပတိများနှင့် စာတမ်းရှင်များအား လက်မှတ် ပေးအပ်ခဲ့ပါသည်။     

“စာတမ်းဖတ်ကြားခြင်းဒုတိယပိုင်း” တွင် ဒေါ်ခင်လမင်းကျော်၊ လက်ထောက်ကထိက (ပန်းချီ)က “ဆားလင်းကြီးမြို့နယ်ရှိ မုံရွေးဘုရားအတွင်းမှ ညောင်ရမ်းခေတ်ဟန်နံရံဆေးရေး ပန်းချီများအား လေ့လာခြင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်တိုးရည်ငယ်၊ နည်းပြ(ပန်းပု) က “သရေခေတ္တရာမြို့ဟောင်းမှတွေ့ရှိရသော သဲကျောက် ပန်းပုလက်ရာများ ကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း စာတမ်းများဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိ လိုသည်များကို  မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်  ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက သဘာပတိများနှင့်  စာတမ်းရှင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီး  အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

၁၅-၈-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀နာရီ တွင် ဒေါ်မေနှင်းဆန်း၊ ကထိက (ရုပ်ရှင်နှင့်ပြဇာတ်)က “ရုပ်ရှင်နှင့် လူမှုကျင့်ဝတ်ကို ဆက်စပ်လေ့လာခြင်း” ခေါင်းစဉ် ဖြင့် လည်းကောင်း၊ ဒေါ်ခင်မျိုးနှင်း၊ နည်းပြ(ယဉ်ကျေးမှုအမွေစီမံခန့်ခွဲမှု)က “ခေတ်အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များ လေ့လာချက်”ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဒေါ်ပိုပိုချစ်၊ နည်းပြ(သမိုင်း)က “ကုန်းဘောင်ခေတ်ဘုန်းကြီးကျောင်း ပညာရေးနှင့် ယနေ့ခေတ် ဘုန်းတော်ကြီးသင်ပညာရေးအားလေ့လာခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း စာတမ်းများ ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို  မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်က သဘာပတိများနှင့်  စာတမ်းရှင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်း တို့ပြုလုပ်ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

Loading