အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိသည့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း၊ အမှတ်စဉ်(၃)I သင်တန်းများ၏ သင်တန်းပြီးမြောက်ကြောင်း သင်တန်းဆင်းအောင်လက်မှတ် အပ်နှင်းချီးမြှင့်ပွဲ အခမ်းအနားကို ၂၈-၁၀-၂၀၂၅ (အင်္ဂါနေ့)၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် သရဖီဆောင်၊ အနုပညာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အချိန်ပိုင်းအနုပညာဒီပလိုမာ Level – I သင်တန်း၌ သင်တန်းသား၊ သင်တန်းသူ ဂီတပညာဌာနမှ (၆၀) ဦး၊ သဘင်ပညာဌာနမှ (၂၃) ဦး၊ ပန်းချီပညာဌာနမှ (၇၂)ဦး၊ ပန်းပုပညာဌာနမှ (၅)ဦး၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနမှ (၉)ဦး၊ စုစုပေါင်း (၁၆၉)ဦး၊ Level-II သင်တန်း၌ သင်တန်းသား၊ သင်တန်းသူ ဂီတပညာဌာနမှ (၁၁)ဦး၊ သဘင်ပညာဌာနမှ (၄)ဦး၊ ပန်းချီပညာဌာနမှ (၃၆)ဦး၊ ပန်းပုပညာဌာနမှ (၃)ဦး၊ ရုပ်ရှင်နှင့်ပြဇာတ် ပညာဌာနမှ (၅)ဦး၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနမှ (၈)ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာ (၄၃) ဦး၊ စုစုပေါင်း (၆၇)ဦး၊ တို့အား သင်တန်းဆင်းလက်မှတ်များ အပ်နှင်းချီးမြှင့်ခဲ့ပါသည်။









![]()