ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ရှေးမူမပျက်ထိန်းသိမ်းရေးနှင့် ခင်းကျင်းရေးလုပ်ငန်း ကော်မတီ ပထမအကြိမ်အစည်းအဝေးကို အမှတ်(၂၅)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဌ ဦးဝင်းဇော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ဦးညွှန့်မောင်စန်း၊ ဆောက်လုပ်ရေးအထူးအဖွဲ့(၂)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အမျိုးသားပြတိုက်(ရန်ကုန်)တို့မှ တာဝန်ရှိသူများတက် ရောက်ကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ရှေးမူမပျက် ထိန်းသိမ်းရေးနှင့် ခင်းကျင်းရေး လုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေး၌ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဥက္ကဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး(ယဉ်ကျေးမှု ဒေါ်နုမြဇံက အဖွင့်အမှာ စကားပြောကြားရာတွင် “နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ၂၀၂၅ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း (၂)ကြိမ်တိုင်လာရောက်စစ်ဆေးရာ၌ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဟောင်းမူလ လက်ရာများအတိုင်း ဖြစ်စေရေးအတွက် ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင် စစ်ဆေးပြီး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား အကြီးစား ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်အတွက် အစည်းအဝေးကို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ လမ်းညွှန်ချက်အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ဆက်စပ် ဌာနနှင့် အဖွဲ့အစည်းများမှ ပညာရှင်(၁၃)ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် “ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးနှင့် ခင်းကျင်းရေးလုပ်ငန်း ကော်မတီ”ကို ၂၆-၈-၂၀၂၅ ရက်နေ့တွင် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်မှာ (၂၄) ချက် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ သမိုင်းဝင်အဆောက်အအုံသာမက နှစ်ပေါင်း(၁၀၀)ကျော်ပြီဖြစ်သည့် ရှေးဟောင်းအဆောက်အအုံ လည်းဖြစ်သည့်အပြင်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်လည်းဖြစ် သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက် ရာတွင် အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ရှေးဟောင်း အဆောက် အအုံ၏ တန်ဖိုးဖြစ်သည့် မူလပစ္စည်းအဟောင်းများကို သုံးစွဲ၍ရသေးပါက လဲလှယ်ခြင်းမပြုဘဲ အဟောင်းကိုပင်မွမ်းမံ၍ ပြန်လည်ပြုပြင်သုံးစွဲပေးရန်ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)သည် ရှေးဟောင်း အဆောက်အအုံဖြစ်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ရှေးမူမပျက် ဆောင်ရွက်ရမှာ ဖြစ်သည့်အတွက် ရှေးဟောင်းအဆောက်အအုံပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အတွေ့အကြုံ ရှိသောပညာရှင်များနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ထံမှ အကြံအဉာဏ် များရယူဆောင်လိုအပ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် အမျိုးသားပြတိုက်(ရန်ကုန်)၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင်ရှိပါသောကြောင့် လုပ်ငန်း ဆောင်ရွက်မည့် ပုဂ္ဂိုလ်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားပြတိုက်(ရန်ကုန်) နှင့် အမြဲမပြတ် ဆက်သွယ်ညှိနှိုင်း၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြတိုက်အားအကြီးစား ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများအား မဆောင်ရွက်မီကပင် ပြတိုက်အတွင်းရှိ ပြသပစ္စည်းများအား ထိခိုက်မှုမရှိစေရန် ပြသပစ္စည်းများရွှေ့ပြောင်းနိုင်ရန်အတွက်ကိုလည်း အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးဆောင်သည့် အဖွဲ့ဝင်(၁၇)ဦး ပါဝင်သောအဖွဲ့ကိုဖွဲ့စည်းပြီး၊ ပြတိုက်ရှိပြသ ပစ္စည်းများအား စနစ်တကျမှတ်တမ်းတင်၍ အမျိုးသားပြတိုက်(ရန်ကုန်)သို့ ၁၉-၈-၂၀၂၅ ရက်နေ့မှစတင် ပြောင်းရွှေ့ခဲ့ရာ ၅-၉-၂၀၂၅ ရက်နေ့တွင် ပစ္စည်းများအားလုံးကို ပြောင်းရွှေ့ထားပြီး ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအားလုံး ဆောင်ရွက် ပြီးစီးပါက ရွှေ့ပြောင်းထားသည့် ပြသပစ္စည်းများကို ပြန်လည်ခင်းကျင်းပြသသွား မှာဖြစ်သည့် အတွက် ခင်းကျင်းရာတွင်လိုအပ်မည့် Special Lighting ထည့်သွင်းရန်နှင့် အခြားခင်းကျင်းရန် လိုအပ်ချက်များကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာဌာန များအလိုက် လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ပေး ကြပါရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဌနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှပညာရှင်များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအထူးအဖွဲ့(၂) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ အမျိုးသားစာကြည့် တိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(ရန်ကုန်)တို့မှ တာဝန်ရှိသူများက ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးနှင့် ခင်းကျင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပညာရှင်များ ၏ ဆွေးနွေးအကြံပြုချက်များအတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် လုပ်ငန်းများအချိန်မီပြီးစီး ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့်ပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်ရမည့် ပြတိုက်မြေညီထပ်၊ အပေါ်ထပ်နှင့် မြက်ခင်းပြင်များအားလိုက်လံကြည့်ရှု စစ်ဆေးခဲ့ကာ ပြတိုက်၏အနောက်ခြမ်း မြက်ခင်းပြင်၊ မြေပြင်နိမ့်ကျနေသောနေရာအား စစ်ဆေး၍ ဦးစားပေးပြုပြင်ရန်၊ ပြတိုက်အဆောက်အအုံအတွင်းရှိ ကြမ်းခင်း၊ တိုင်၊ နံရံနှင့်မျက်နှာကြက်များ၊ အမိုးများကို ပျက်စီးနေသောအပိုင်းများကိုသာ အစားထိုး လဲလှယ်ရန်နှင့် အခြားလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိသည်။
![]()