မတ်(၁၀)ရက်၊ နေပြည်တော်
၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေ ငလျင်ဒဏ်ကြောင့် အမျိုးသားပြတိုက် (နေပြည်တော်)၏ အဆောက်အအုံပိုင်းများ ထိခိုက်ပျက်စီးခဲ့၍ ခေတ္တပိတ်ထားခဲ့ပါသည်။ ယခုအခါ အဆောင် A နှင့် B ကို ပြန်လည်ပြုပြင် မွမ်းမံပြီးဖြစ်သဖြင့် ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်း ပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦး (ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစု)ပြခန်း၊ သမိုင်းတင်ခေတ်(အေဒီ ၁၁ ရာစု – ၁၄ ရာစု)ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခမပြခန်းနှင့် လက်ဆောင်ပစ္စည်းများပြခန်း စုစုပေါင်းပြခန်း ၇ ခန်းကို အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် အတွက် ၁၀-၃-၂၀၂၆ ရက်နေ့မှစ၍ တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှလွဲ၍ နံနက် ၀၉း၃၀ နာရီမှ ညနေ ၄း၃၀ နာရီအထိ နေ့စဉ်ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါသည်။
ပြတိုက်ပြန်လည်ဖွင့်လှစ်ပြသသည့် အထိမ်းအမှတ်အဖြစ် ၁၀-၃-၂၀၂၆ ရက်နေ့မှ ၁၂-၃-၂၀၂၆ ရက်နေ့အထိ ၃ ရက်အား အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါသည်။ အမျိုးသားပြတိုက် (နေပြည်တော်) ပြန်လည်ဖွင့်လှစ်သည့် ၁၀.၃.၂၀၂၆ နေ့တွင် လာရောက်လေ့လာကြည့်ရှုသူများအား ပြတိုက်ဝန်ထမ်းများက ပြခန်းအလိုက် ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။

















![]()