သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများ ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ ကြိုဆိုအဖွင့်အမှာစကားပြောကြားခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့ နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်ရှိ Novotel Yangon Max Hotel  တွင် ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများ ထိန်းသိမ်း ရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရိုးရာအထည်အလိပ် ဒီဇိုင်းများနှင့်ပတ်သက်သည့် စာတမ်းရှင် များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် အာဆီယံနိုင်ငံ များဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများ ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှု ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန ကိုယ်စား အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ တက်ရောက်လာကြပါသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် သက်ဆိုင်ရာနိုင်ငံ များ၏ သံအမတ်များအား နွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ အာဆီယံ ယဉ်ကျေးမှုရန်ပုံငွေ အထောက်အပံ့ဖြင့် ကျင်းပသော အရေးကြီးလှသည့် ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းတစ်ရပ်တွင် ပါဝင်လာကြခြင်းအတွက် မိမိတို့အနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိ ပါကြောင်း၊ ရိုးရာအထည်ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုသည် ယနေ့ခေတ် အခြေအနေများတွင် အထူးအရေးပါသော အကြောင်းအရာ တစ်ရပ်ဖြစ်ပါကြောင်း၊ အလျင်အမြန် တိုးတက်လာသော နည်းပညာခေတ်နှင့် စက်မှုထုတ်လုပ်မှုများ တိုးတက်လာသည့်အချိန်မှာ ရိုးရာဒီဇိုင်းရေးဆွဲခြင်းနှင့် လက်ဖြင့် ရက်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းကျွမ်းကျင်မှုများ ပျောက် ကွယ်သွားနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်လျက်ရှိနေပါကြောင်း၊  ဤဆွေးနွေးပွဲ၏ ရည်ရွယ်ချက်

များကို အကောင်အထည်ဖော်နိုင်ခြင်းမှာ အာဆီယံနိုင်ငံများ၏ အရေးပါသည့် မျက်နှာစုံညီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံ၏ ကိုယ်စားပြုစာတမ်းများကို

မျှဝေတင်ပြနိုင်ပြီး အကောင်းဆုံး အတွေ့အကြုံများကို ဖလှယ်ဆွေးနွေးနိုင်သည့်အပြင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကြုံတွေ့ရသော အခက်အခဲများကိုလည်း အတူတကွ ဆွေးနွေး အဖြေရှာနိုင်ကြမှာ ဖြစ်ပါကြောင်း၊ ရက်ကန်းလုပ်ငန်းများသည် လူမှုအသိုင်းအဝိုင်းများအတွက် ဂုဏ်ယူစရာသာမက အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖြစ်လာစေရန်လည်း အထောက်အကူ ဖြစ်စေပါကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စာတမ်းရှင်များသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအထည် ဒီဇိုင်းများနှင့်စပ်လျဉ်း၍ ထိန်းသိမ်းရေး၊ မြှင့်တင်ရေး စီမံခန့်ခွဲမှုဆိုင်ရာအကြောင်းများကို ရှင်းလင်း ဆွေးနွေးကြရာ တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ကြပြီး ဆွေးနွေးပွဲကို ညနေ ၁၆:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Loading