အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများ သင်တန်းဆင်းလက်မှတ် အပ်နှင်းချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၄)နှင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁) (မူ၊ လယ်၊ ထက်) တို့၏ (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) သင်တန်းများကို ၁-၁၂-၂၀၂၅ ရက်နေ့မှ ၆-၃-၂၀၂၆ ရက်နေ့အထိလည်းကောင်း၊ (စနေ၊ တနင်္ဂနွေ) သင်တန်းများကို ၆-၁၂-၂၀၂၅ ရက်နေ့မှ ၈-၃-၂၀၂၆ ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်သင်ကြားမှု ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

            အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ၁၂-၃-၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနားအစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် တာဝန်ရှိသူများက အချိန်ပိုင်းအနုပညာဒီပလိုမာ (ပန်းချီ၊ ပန်းပု၊ ယဉ်ကျေးမှုအမွေ အနှစ်စီမံခန့်ခွဲမှု၊ အနုပညာကွန်ပျူတာဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းဆင်းစွမ်းရည်ပြ လက်ရာမွန်များကို လှည့်လည်ကြည့်ရှုကြပါသည်။

            ဆက်လက်၍ သင်တန်းဆင်းစွမ်းရည်ပြ  ဖျော်ဖြေတင်ဆက်ပွဲနှင့် သင်တန်းဆင်းလက်မှတ် အပ်နှင်း ချီးမြှင့်ပွဲကို ကျင်းပရာ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ အချိန်ပိုင်း အနုပညာဒီပလိုမာ (ဂီတ၊ သဘင်) သင်တန်းသား၊ သင်တန်းသူများက တင်ဆက်ခြင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊  ဒုတိယပါမောက္ခချုပ်(သင်ကြား) တို့က  သင်တန်းသား စုစုပေါင်း (၄၀၅)ဦးအား သင်တန်းဆင်းလက်မှတ်အပ်နှင်းချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ကိုဆောင်ရွက်ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Loading