တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အတွဲ(၁)စာအုပ်ထုတ်ဝေဖြန့်ချိ

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အတွဲ(၁)ကို ရေးသားပြုစု၍ ပုံနှိပ်ထုတ်ဝေခဲ့ပြီး အဆိုပါစာအုပ်တွင် မြန်မာ့မြေလွှာ ဖြစ်တည်မှု၊ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများ၊ ကျောက်ခေတ်၊ ကြေးခေတ်နှင့် သံခေတ် ယဉ်ကျေးမှုများကို ကွင်းဆင်း၊ တူးဖော်၊ သုတေသနပြုလေ့လာတွေ့ရှိချက်အသစ်များ၊ သိပ္ပံ နည်းကျသက်တမ်း တွက်ချက်မှုများကို  ထည့်သွင်းဖြည့်စွက် ရေးသားပြုစုပြီး မြန်မာသမိုင်း ပညာရှင်များအဖွဲ့က စိစစ်တည်းဖြတ်ထားပါသည်။

          တစ်ဆက်တစ်စပ်တည်းသော မြန့်မာသမိုင်းစဉ်အတွဲ(၁)စာအုပ်ကို နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် ၎င်းတို့လက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ဒီဂရီ/ ကောလိပ်များနှင့် သင်တန်းကျောင်းများရှိ စာကြည့်တိုက်များတွင် ထားရှိဖတ်ရှုလေ့လာနိုင်ရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များထံသို့ အခမဲ့ဖြန့်ဝေ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။  

          ထို့ပြင် နေပြည်တော်နှင့် ရန်ကုန်တို့ရှိ အမျိုးသားစာကြည့်တိုက်များ၊  အမျိုးသားပြတိုက် များနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနခွဲ/ ဌာနစုများ၏ စာကြည့်တိုက်များတွင် ဖတ်ရှုလေ့လာနိုင်ရေး ဖြန့်ဝေထားရှိ ပါသည်။

          အဆိုပါတစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အတွဲ(၁)စာအုပ်အား ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနခွဲ၊ ဌာနစုအသီးသီးတွင် အများပြည်သူများ ကိုယ်ပိုင်စုဆောင်းဖတ်ရှုလေ့လာနိုင်ရေး ဝယ်ယူနိုင်ရန် အတွက် တစ်အုပ်လျှင် ကျပ် ၅၅,၀၀၀/-နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ပြင်ပစာပေတိုက် များတွင်လည်း ဝယ်ယူဖတ်ရှုနိုင်ရန် ဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

Loading