ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားပြတိုက်(နေပြည်တော်)ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ  ၁၄

          ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  တာဝန်ရှိသူများနှင့်အတူ ၁၄-၅-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင်  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။

          ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ပြန်လည်ပြင်ဆင်ခင်းကျင်း ပြသထားရှိသည့် အမျိုးသားပြတိုက်(နေပြည်တော်) အဆောင် B ရှိ သမိုင်းတင်ခေတ်ဦးပြခန်း (ပျူခေတ်ပြခန်း)နှင့် သမိုင်းတင်ခေတ် (အေဒီ ၁၁ – ၁၄ ရာစု) ပြခန်း(ပုဂံခေတ်ပြခန်း)များ ဆောင်ရွက်ထားမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှု အမွေ အနှစ်များကို တန်ဖိုးထား၍ ထိန်းသိမ်းရေးနည်းစနစ် မှန်ကန်စွာဖြင့် ခင်းကျင်းပြသရန်၊ အများ ပြည်သူအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုးလေးစား တန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန် အသိပညာပေးလှုံ့ဆော် မှုများကို ပြုလုပ်ပေးရာတွင် ဆိုရှယ်မီဒီယာများမှတစ်ဆင့်လည်း အသိပညာပေးမှုများ ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း သတင်းရရှိပါသည်။

Loading