အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်(ရန်ကုန်) ဂီတပညာဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင် ကာလ၏ ဒုတိယနှစ်ဝက်စာသင်ကာလတွင် ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာစွမ်းရည် များကို ဖော်ထုတ်မြှင့်တင်လိုသောရည်ရွယ်ချက်ဖြင့် ‘Open Door Concert 2026’ ကို ၅-၆-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီ တွင် သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်၊ ပညာဌာနအသီးသီမှ ပါမောက္ခ ဌာနမှုးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြပါသည်။


‘Open Door Concert 2026’ တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဂီတပညာဌာန၊ ပထမနှစ်မှ ဒုတိယနှစ်(မဟာဝိဇ္ဇာ) ကျောင်းသား၊ ကျောင်းသူများက Overture ၊ ဂီတအမွေထိန်းစို့လေ (Vocal+ Instrument)၊ Believer (Instrument Music) ၊ Waltz from the Sleeping Beauty Suite (Piano Duet)၊ ရာသီတော်ဦး (Vocal+ Instrument)၊ Tun-Hi-Ho (Indian Song)၊ ပန်းတံတား (Instrument Music)၊ Arean (Korean Song)၊ လက်ပံပွင့်ကောက် (Performance)၊ Katyusha (Russian Song)၊ ကျေးလက်ရနံ့ဖြာ တေးသံသာ (Performance)၊ Grandma’s House (D.J Music)၊ Finale စသည့် အစီအစဉ်များဖြင့် အနုပညာစွမ်းရည်ပြ တင်ဆက်ခဲ့ကြပါသည်။

![]()