၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ ထိန်းသိမ်းမျှဝေယဉ်ကျေးမှုအမွေ (၅/၂၀၂၆) “ကဗျာနှင့်တေးဂီတ” ဟောပြောပွဲနှင့် သင်တန်းပို့ချခြင်းအခမ်းအနား ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ Academic Event Calendar အရ ထိန်းသိမ်းမျှဝေယဉ်ကျေးမှုအမွေ(၅/၂၀၂၆) အစီအစဉ်တွင် အလင်္ကာကျော်စွာဦးသူရဇော်(ဂုဏ်ထူးဆောင်ပါရဂူ)က“ကဗျာနှင့်တေးဂီတ”ခေါင်းစဉ်ဖြင့်ဟောပြောခြင်း အစီအစဉ်ကို ၉-၆-၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီမှ ၁၁:၃၀ နာရီထိ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၂)ဦးတို့က In person ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊  ရန်ကုန် ပညာရေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီ ကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)နှင့် ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)၊ သမိုင်းသုတေသန နှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)၊အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တို့မှ တာဝန်ရှိသူစုစုပေါင်း (၁၁၂) ဦးတို့က Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

          ဆက်လက်၍ ကဗျာနှင့်တေးဂီတရေးဖွဲ့နည်းသင်တန်းကို သဇင်ဆောင်၊ AA – 105 ၌ နေ့လယ် ၁၃:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိလည်းကောင်း၊ ၁၀-၆-၂၀၂၆ ရက်နေ့တွင် နံနက် ၁၀:၀၀ မှ ညနေ ၁၆:၀၀ နာရီအထိလည်းကောင်း သင်ကြားပို့ချပေးခဲ့ရာ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနတို့မှ‌ ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး တက်ရောက်ခဲ့ကြ ပါသည်။

             ၁၁-၆-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီတွင် ထိန်းသိမ်းမျှဝေ ယဉ်ကျေးမှုအမွေ (၅/၂၀၂၆) “ကဗျာနှင့်တေးဂီတရေးဖွဲ့နည်း” သင်တန်းဆင်းပွဲအခမ်းအနားကို သရဖီဆောင်၊ အနုပညာခန်းမ၌ အစီအစဉ်(၅)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်  ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး   သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ အဖွဲ့(၁)က “ကုသိုလ်မဏ္ဍိုင်” (လေးချိုး)ဖြင့် လည်းကောင်း၊ အဖွဲ့(၂)က “တိမ်ပြာညို့မှိုင်း ရွှေမိုးလှိုင်း”(တြိချိုး)ဖြင့် လည်းကောင်း၊ အဖွဲ့(၃)က “စာလွှာပါး၍လွမ်းတေးဆို”(တေးထပ်)ဖြင့် လည်းကောင်း သီဆို၍ သရုပ်ပြတင်ဆက်ခဲ့ကြပါသည်။             ဆက်လက်၍ စွမ်းရည်ပြတင်ဆက်ခဲ့ကြသည့်  ‌ကျောင်းသား၊ ကျောင်းသူများ၏ ရေးဖွဲ့နည်းနှင့် စုပေါင်းဆောင်ရွက်မှုများကို အလင်္ကာကျော်စွာဦးသူရဇော်(ဂုဏ်ထူးဆောင်ပါရဂူ)က သုံးသပ်ဆွေးနွေး ခြင်း၊ ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက အဖွဲ့(၃)ဖွဲ့အား ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်း၊ သင်တန်းဆင်းကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

Loading