ရန်ကုန် ဇူလိုင် ၁၈
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ နှင့်အတူ (၁၈.၇.၂၀၂၆) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်တွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) သို့လာရောက် ကြည့်ရှုစစ်ဆေးရာ ရှေးဦးစွာ ညီလာခံခန်းမ၌ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ဝန်ထမ်းများ အား လမ်းညွှန်ဩဝါဒအမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြေညီထပ်(Ground Floor) ရှိအမှတ်တရ ပစ္စည်းအရောင်းခန်း၊ CCTV Control Room၊ Data Center ၊ Book Stack (စာအုပ်စင်ခန်း) များနှင့် ပြပွဲခန်းမ (Exhibition Hall) တို့ကို လည်းကောင်း၊ ပထမထပ်ရှိ Multimedia Room၊ Audio Video Room၊ နှင့် Digital Library Room တို့ကိုလည်းကောင်း၊ ဒုတိယထပ်ရှိ အထွေထွေစာဖတ်ခန်း၊ ရည်ညွှန်းစာဖတ်ခန်း နှင့် ရှားပါးနှင့် ပေ၊ပုရပိုက်ခန်း တို့ကို လည်း ကောင်း၊ တတိယထပ်ရှိ အထူးစာဖတ်ခန်း (Special Reading Room)၊ မသန်စွမ်း သူများစာဖတ်ခန်း၊ သင်တန်းခန်းမ၊ စာစု၊ စာပြုခန်းများ ကိုလှည့်လည်ကြည့်ရှု သည်။

ထို့နောက် ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာသင်တန်းသားများအား တွေ့ဆုံအားပေး စကားပြောကြားပြီး ကလေးစာဖတ်ခန်းနှင့် ပုံပြောခန်းများအား ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။
![]()