ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်အဆင့်ဘာသာရပ် ဆိုင်ရာ၊ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ၁၇-၇-၂၀၂၆ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ဆက်လက် ကျင်းပရာ ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးအဖွဲ့ဝင်များ၊ သဘာပတိများ၊ စာတမ်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။

စာတမ်းဖတ်ပွဲတွင် စာပေပညာဌာနမှ ဒေါ်သီသီဟန် (နည်းပြ)က “မင်းသုဝဏ်၏ ထင်ရှားသော ဇာတ်လမ်းကဗျာ (၃)ပုဒ် လေ့လာချက်” စာတမ်းအား ပညာရှင်(စာပေ၊ ဂီတ) အလင်္ကာကျော်စွာ ဦးသူရဇော်(ဂုဏ်ထူးဆောင်ပါရဂူ)က သဘာပတိအဖြစ်လည်းကောင်း၊ ပန်းချီပညာဌာနမှ ဒေါ်ရည်မွန် သန့် (ကထိက)က “မြန်မာနိုင်ငံ၏ ခေတ်သစ်ပန်းချီ ပြောင်းလဲမှုအပေါ် ပန်းချီဆရာ ပေါ်ဦးသက်၏ အနုပညာလွှမ်းမိုးမှုများအားလေ့လာခြင်း”စာတမ်းကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပညာရေးအဖွဲ့ဝင်၊ပညာရှင်(ပန်းချီ) ဝဏ္ဏကျော်ထင်ဦးသစ်လွင်စိုး (ဂုဏ်ထူးဆောင်ပါရဂူ) ကလည်းကောင်း၊ ပန်းပုပညာဌာနမှ ဦးစိုင်းအိုက်နော်(ကထိက)က “မြန်မာ့ရိုးရာ ခြင်္သေ့ပန်းပုရုပ်တု ထုလုပ်မှုနည်းပညာနှင့် အပြောက်အမွှမ်းအလှဆင်ခြင်း အနုပညာလေ့လာချက်” စာတမ်းကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာရေးအဖွဲ့ဝင်၊ ပညာရှင်(ပန်းပု) ဦးမြင့်စံ (ဂုဏ်ထူးဆောင်ပါရဂူ)ကလည်းကောင်း၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ဦးကိုကိုညွန့်မင်းရွှေ (လက်ထောက်ကထိက)က “မြန်မာ့ရုပ်ရှင်သရုပ်ဆောင်၏ ခံစားစီးမျောခြင်းနှင့် အနုပညာကွန့်မြူးမှု အားလေ့လာခြင်း”စာတမ်းကို ပညာရှင်(ရုပ်ရှင်) အကယ်ဒမီဦးကိုကိုလေး(ဇာတ်ညွှန်း)ကလည်းကောင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ စာတမ်းများနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ ခြုံငုံသုံးသပ်ဆွေးနွေးခြင်းများဆောင်ရွက်ကြသည်။
ထို့နောက် ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းတို့က သဘာပတိအဖွဲ့ဝင်များ နှင့် စာတမ်းရှင်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
![]()