ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အမျိုးသားပြတိုက်(ရန်ကုန်)အား ကြည့်ရူစစ်ဆေးခြင်း

ရန်ကုန်၊ ဩဂုတ် ၁၉ ရက်

               ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ရှေးဟောင်း သုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ အမှတ် (၆၆/၇၄)၊ ပြည်လမ်း၊ ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက်(ရန်ကုန်)သို့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ရောက်ရှိခဲ့ပြီး အမျိုးသားပြတိုက်ဝင်း ရှေ့မျက်နှာစာရှိ အနော်ရထာမင်းစောရုပ်တု၊ ဘုရင့်နောင်မင်းတရားကြီးရုပ်တုနှင့် အလောင်းမင်းတရားကြီးရုပ်တုတို့အား မွမ်းမံနေမှုအခြေအနေ များအားလည်းကောင်း၊ မြေညီထပ်ရှိ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ ရတနာပုံခေတ် ပြခန်းတို့အားလည်းကောင်း၊ ပထမထပ်ရှိ မြို့ပြယဉ်ကျေးမှုပြခန်း၊ မင်းခမ်းတော်ပြခန်းနှင့် သဘာဝသမိုင်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများပြခန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ပါသည်။

Loading