
ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးက မဟတ္တမဂန္ဒီမွေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အိန္ဒိယနိုင်ငံနှင့်သက်ဆိုင်သည့် ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ အနုပညာ၊ အတ္ထုပ္ပတ္တိနှင့်ဆိုင်သော သုတရသစာအုပ် (၁၀၈) အုပ် ကို India Corner အဖြစ်ထားရှိရန် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်ရှိ တက္ကသိုလ်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Abhay Thakur နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် Swami Vivekananda Cultural Centre မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Abhay Thakur နှင့် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး တို့က အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Abhay Thakur နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး တို့က အသီးသီးအမှာစကားပြောကြားခဲ့ပြီး Swami Vivekananda Cultural Centre နှင့် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဂီတပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ အိန္ဒိယနိုင်ငံ၊ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီမွေးနေ့ အထိမ်းအမှတ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Abhay Thakur ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး နှင့် တာဝန်ရှိသူများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးက လှူဒါန်းသော India Corner နှင့် တက္ကသိုလ် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
![]()