| ၁။ | ပြည်တွင်းပြည်ပမှ ပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံအကြောင်းဆိုင်ရာစာစုကို စုဆောင်း ထိန်းသိမ်းသော ဗဟိုစာစုဌာနအဖြစ် ဆောင်ရွက်ခြင်း |
| ၂။ | ပြည်တွင်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားပစ္စည်းများကို ပြည့်စုံစွာရရှိအောင် စုဆောင်းထိန်းသိမ်းခြင်း |
| ၃။ | အမျိုးသားစာစုစာရင်း (National Bibliography ) ကိုပြုစုထုတ်ဝေခြင်း |
| ၄။ | စာကြည့်တိုက်အချင်းချင်းဆက်သွယ်ငှားရမ်းရေး (Interlibrary Loan)ကိုပြုလုပ်ခြင်း |
| ၅။ | နိုင်ငံတကာနှင့်ဆက်သွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုဆောင် ရွက်ခြင်း |
| ၆။ | ပြည်သူလူထုအား စာကြည့်တိုက်နှင့်သုတပညာနှင့် ပတ်သက်၍ အသိပညာပေးခြင်း |
| ၇။ | အရှေ့တောင်အာရှဒေသမှ စာစုများကို ရယူစုဆောင်း၍ အများပြည်သူတို့အား ဖြန့်ဝေခြင်း |
| ၈။ | မြန်မာနိုင်ငံထုတ် စာနယ်ဇင်းများ၏စာနယ်ဇင်းအညွှန်းများ(Periodical Indexes) ကိုပြုစု ထုတ်ဝေခြင်း |
| ၉။ | နိုင်ငံ၏ စာကြည့်တိုက်နှင့်သုတပညာလုပ်ငန်းများတွင် အသုံးပြုနေသော စာကြည့်တိုက် နည်းစနစ်များကို တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်စေရေးအတွက် “စံ” သတ်မှတ်ကာပြုစု ထုတ်ဝေခြင်း |
| ၁၀။ | အရှေ့တောင်အာရှ ဒေသဆိုင်ရာကွန်ယက် (South East Asia Regional Network) နှင့် နိုင်ငံတကာကွန်ယက်စနစ် (Internet) တွင် ပါဝင်နိုင်ရေးအတွက် စာကြည့်တိုက်ဆိုင်ရာ နည်းပညာများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း။ |
| ၁၁။ | ကလေးစာကြည့်တိုက်ဝန်ဆောင်မှုပေးခြင်း။ |
![]()