| ၁။ | ဌာန | – | သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ အနုပညာဦးစီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသော ရန်ကုန်မြို့ နှင့် မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းများတွင် စာပေနှင့် အနုပညာ (ဂီတ/ သဘင်/ ပန်းချီ/ ပန်းပု) ၃ နှစ်သင်တန်းများ၏ (ပထမနှစ်) သို့ တက်ရောက်မည့် သင်တန်းသားများထံမှ လျှောက်လွှာများ အလို ရှိပါသည်။ |
| ၂။ | လူမျိုး | – | ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။ |
| ၃။ | ပညာအရည်အချင်း | – | ပန်တျာသင်တန်း၏အနုပညာ(ဂီတ/သဘင်)သီးသန့်သင်တန်းအတွက် သတ္တမတန်း(Grade-8) အောင်မြင်သူဖြစ်ရမည်။ ပန်တျာသင်တန်း၏ စာပေနှင့် အနုပညာ (ဂီတ/သဘင်)တွဲဖက်သင်တန်းအတွက် အဌမတန်း(Grade-9) အောင်မြင်သူဖြစ်ရမည်။ ပန်းချီပန်းပုသင်တန်း၏ အနုပညာ(ပန်းချီ/ပန်းပု)သီးသန့် သင်တန်းနှင့် စာပေနှင့် အနုပညာ(ပန်းချီ /ပန်းပု) တွဲဖက်သင်တန်းများအတွက် အဌမတန်း(Grade-9)အောင်မြင်သူဖြစ်ရမည်။ ဂီတ(သို့မဟုတ်)သဘင်(သို့မဟုတ်)ပန်းချီ(သို့မဟုတ်)ပန်းပုပညာ ကို အခြေခံအသင့်အတင့်တတ်ရမည်။ |
| ၄။ | အသက် | – | (၁၃)နှစ်မှ(၁၇)နှစ်အတွင်းရှိရမည်။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ |
| ၅။ | ထောက်ခံချက် | – | (က) သက်ဆိုင်ရာကျောင်း အောင်လက် မှတ်မူရင်း နှင့် မိတ္တူ (သို့မဟုတ်) အောင်မြင်သည့်အတန်း၊ မွေးသက္ကရာဇ် ဖော်ပြ ထားသည့် ကျောင်း ထောက်ခံချက်များ၊ |
| (ခ) သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့မှ ပြစ်မှုကင်း ရှင်းကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ | |||
| (ဂ) အသက်အထောက်အထားအတွက် နိုင်ငံသားစိစစ်ရေး ကတ် (သို့မဟုတ်) သက်ဆိုင်ရာ ကျောင်းအုပ်ကြီးထံမှ ထောက်ခံချက်မိတ္တူတစ်စောင်၊ | |||
| (ဃ) ကျန်းမာရေးအတွက် သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေး ဌာနမှ ထောက်ခံချက်မိတ္တူတစ်စောင်၊ | |||
| (င) ပတ်စပို့အရွယ်ဓာတ်ပုံ(၂)ပုံကို ကျောဘက်တွင် မိမိအမည် နှင့် လိပ်စာရေးသားလျက် ပူးတွဲပေးပို့ရမည်။ | |||
| မှတ်ချက်။ လူကိုယ်တိုင်လာရောက် အစစ်ဆေးခံသောအခါ ပညာအရည်အချင်း အောင်လက်မှတ်နှင့် ထောက်ခံစာမူရင်းများ၊ နိုင်ငံသား စိစစ်ရေးကတ်များကို တစ်ပါတည်း ယူဆောင်လာ ရန်။ | |||
| ၆။ | သင်ကြားပေးမည့် | – | (က) စောင်း |
| ဘာသာရပ် | (ခ) ဆိုင်း | ||
| (ဂ) ပတ္တလား | |||
| (ဃ) ကြိုးတပ် (တယော / မြန်မာဂီတာ) | |||
| (င) အဆို / အက (ကျား / မ) | |||
| (စ) စန္ဒရား | |||
| (ဆ) နှဲ | |||
| (ဇ) အခြေခံပန်းချီပညာများ | |||
| (စျ) အခြေခံပန်းပုပညာများ | |||
| (ည) အခြေခံပညာ ဒသမတန်း(Grade-10)၊ဧကာဒသမတန်း(Grade-11)နှင့်ဒွါဒသမတန်း(Grade-12) များ၏ စာပေဘာသာရပ်များ | |||
| ၇။ | သင်ကြားမည့် အစီအစဉ် | – | အနုပညာ(ဂီတ/သဘင်/ပန်းချီ/ပန်းပု)နှင့် စာပေ(အခြေခံပညာအထက်တန်းအဆင့်) (၃)နှစ်သင်ကြားပေးမည်။အနုပညာ(ဂီတ/သဘင်/ပန်းချီ/ပန်းပု)သီးသန့်သင်ကြားလိုသူများအတွက်လည်း(၃)နှစ်သင်ကြားပေးမည်။ (၃)နှစ် သင်တန်းအောင်မြင်ပါက အနုပညာသင်တန်းဆင်းလက်မှတ် (Certificate) နှင့် ဒွါဒသမတန်း(Grade-12) သင်ယူပြီးမြောက်ခြင်းလက်မှတ်(Completion Certificate) ပေးမည်။ |
| ၈။ | နေထိုင်စားသောက် ရေး | – | နေထိုင်ရေးစီစဉ်ပေးမည်။စားသောက်ရေးအတွက် ပညာသင်ကြားနေသည့် လများတွင် တစ်လလျှင်၃၀၀၀ဝိ/-နှုန်းဖြင့် ထောက်ပံ့ပေးမည်။ |
| ၉။ | လျှောက်လွှာရရှိ မည့်ဌာန | လျှောက်ထားလိုသူများသည် သတ်မှတ်ထားသော လျှောက်လွှာ ပုံစံများကို မိမိတို့နေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ နှင့် ရန်ကုန်၊ မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းများတွင် တောင်းယူရရှိနိုင်ပါသည်။ (လျှောက်လွှာပုံစံ အလုံအလောက်မရှိပါက သတ်မှတ်လျှောက်လွှာပုံစံအတိုင်း လက်ရေးဖြင့် ရေးသားပေးပို့နိုင်သည်။) | |
| ၁၀။ | ရွေးချယ်ခြင်း | – | လျှောက်ထားသူများအား အနုပညာဦးစီးဌာနမှဖွဲ့စည်းထားသည့် အရည်အချင်းစစ်ဆေးရေးအဖွဲ့များက အခြေခံဂီတ၊ သဘင်၊ ပန်းချီပန်းပုပညာများကို စစ်ဆေးမည်။ |
| ၁၁။ | လာရောက်အစစ် ဆေးခံစရိတ် | – | စစ်ဆေးရာဌာနများသို့ လာရောက် စစ်ဆေးခံကြရာတွင် ကုန်ကျစရိတ်များကို ဤဌာနမှ လုံးဝကျခံခြင်းပြုလိမ့်မည် မဟုတ်ပါ။ |
| ၁၂။ | လျှောက်လွှာများ ပေးပို့ရန်ဌာန | လျှောက်လွှာများကို ညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ၊ အနုပညာဦးစီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့ရမည်။ | |
| ၁၃။ | လျှောက်လွှာပိတ် မည့်ရက် | လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်။ | |
| မှတ်ချက်။ | အထောက်အထား အချက်အလက် မပြည့်စုံသော လျှောက်လွှာ ရှင်များကို စစ်ဆေးရွေးချယ်ခြင်း ပြုလုပ်မည် မဟုတ်သည့် အပြင် ရွေးချယ် ခြင်းမခံရသူများထံသို့လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားပေးမည် မဟုတ်ပါ။ | ||
| ညွှန်ကြားရေးမှူးချုပ် အနုပညာဦးစီးဌာန | |||
| ၂၀၂၀ ခုနှစ် ၊ မတ်လ ရက် နေပြည်တော် | |||
![]()