ချောင်ဦးမြို့နယ်၊ အမြင့်ဒေသ/ အနိမ့်ဒေသ(သုံးပန်လှ)နှင့် ဘုတလင်မြို့နယ်၊ ညောင်ကန် ဒေသတို့၌ “ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ” အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်၏ လမ်းညွှန်မှုဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “ရှေးဟောင်း ဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့် မုံရွာ ခရိုင်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသများတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု ကာကွယ်တားဆီးရေးနိုင်ရေး အတွက်ရည်ရွယ်၍  လူထုအသိပညာပေး ဟောပြောပွဲများကို (၂၄-၂-၂၀၁၈) ရက်နေ့ နံနက်(၉:၃၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့် ဒေသ/ အနိမ့်(သုံးပန်လှ) ဒေသတွင် လည်းကောင်း၊ ညနေ (၁၃:၀၀) အချိန်တွင် ဘုတလင်မြို့နယ်၊ ညောင်ကန်ဒေသတွင်လည်းကောင်း ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.