ဟန်လင်း ရှေးဟောင်းနေရာဒေသ

ဟန်လင်းကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်းအတွင်း တည်ရှိသည်။ ကြေးခေတ်၊ သံခေတ်ဟု သတ်မှတ် နိုင်ခဲ့သော Site များကို တူးဖော်ရာတွင် တစ်ဝက်တစ်ပျက် ကျောက်ဖြစ်နေသော လူအရိုးစုရုပ်ကြွင်းများ၊ မြေမီးဖုတ်အိုးများ၊ ပုတီးစေ့များ၊ ကျောက်လက်နက်များ၊ သံလက်နက်များ၊ ကျောက်ပုတီးစေ့များ၊ ကြေးခလောက်များ စသည်ဖြင့် တွေ့ရှိရသည်။