နောက်ခံသမိုင်း

           ၁၉၀၂ ခုနှစ် ဗြိတိသျှတို့အုပ်ချုပ်စဉ်က  မြန်မာနိုင်ငံကမ္ပည်းကျောက်စာဌာနကို စတင် ဖွဲ့စည်း ခဲ့ပြီး အဆိုပါဌာနသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ရှေးဟောင်းပစ္စည်းများကို စုဆောင်းထိန်းသိမ်း ခဲ့ပါသည်။ ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနကို ရှေးဟောင်းသုတေသနဌာနဟု ပြင်ဆင်ဖွဲ့စည်း ခဲ့သည်။ ယဉ်ကျေးမှုဝန်ကြီးဌာနသည် နိုင်ငံတော်စာကြည့်တိုက်၊ ပြတိုက်၊ အနုပညာပန်းချီခန်းမ ဌာနများကို အုပ်ချုပ်ရန် အတွက် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနကို ၁၉၅၄ ခုနှစ်၊ သြဂုတ်လတွင် စတင် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ယဉ်ကျေးမှုကောင်စီကို ထူထောင်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် ယဉ်ကျေးမှု ကောင်စီကို ဖျက်သိမ်းလိုက်သော အခါ ယဉ်ကျေးမှုကောင်စီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်နှင့် ပြတိုက်များသည် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်း ရောက်ရှိလာပါသည်။ ၂၀ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ရှေးဟောင်းသုတေ သနဦးစီးဌာနနှင့် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန (၂)ခုအားပေါင်း၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။ ယခုအခါတွင် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ဒြပ်ရှိနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အပါအဝင် အမျိုးသားပြတိုက်၊ ပြည်နယ်နှင့်တိုင်းရှိ ယဉ်ကျေးမှု ပြတိုက် များကို ရှာဖွေဖော်ထုတ်ခြင်း ၊ ထိန်းသိမ်းခြင်း၊ ခင်းကျင်းပြသခြင်း လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာနသည် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိ မြို့နယ်၊ နေပြည်တော်တွင် တည်ရှိပါသည်။