သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ၂၀၂၄-ခုနှစ်၊ အာဆီယံ-တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးပြန်လည်ရောက်ရှိ ရန်ကုန် ဖေဖော်ဝါရီလ ၄ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့်  “၂၀၂၄–ခုနှစ်၊ အာဆီယံ–တရုတ် ပြည်သူများကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ နှင့် ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၄:၃၀ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် H.E Shen Yiqin ၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E  KikeoKhaikhamphitoun၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်မှ တာဝန်ရှိသူများ ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ လူမှုယဉ်ကျေးမှု အသိုက် အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် အပါအဝင် ဖိတ်ကြားထားသော နယ်ပယ်အသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၄–ခုနှစ်၊ အာဆီယံ–တရုတ် ပြည်သူများအကြား ဖလှယ်ရေးနှစ် အထိမ်းအမှတ် Logo မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ဖူးကျန့်ပြည်နယ်အစိုးရမှ တည်ခင်းဧည့်ခံသည့် ကြိုဆိုနှုတ်ခွန်းဆက် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဖေဖေါ်ဝါရီလ ၂ ရက် ၊  ၀၉:၀၀ အချိန်တွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု  ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် H.E Shen Yiqin နှင့် တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ပါသည်။ ဆက်လက်၍ ဧည့်သည်တော်များနှင့်အတူ Fuzhou Strait International Conference and Exhibition Center Lobby တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Fuzhou Strait International Conference and Exhibition Center Multi-Function Hall တွင် ကျင်းပပြုလုပ်သော “၂၀၂၄–ခုနှစ်၊ အာဆီယံ– တရုတ်

၂

ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား”သို့  တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အဆိုပါမိန့်ခွန်းတွင်  ယနေ့ကျင်းပပြုလုပ်သည့်ခေါင်းစဉ်ဖြစ်သည့်“ပြည်သူအကြား ဖလှယ်ရေး” သည် မိမိတို့၏ မတူကွဲပြားသော လူ့အဖွဲ့အစည်းများအကြား  ယဉ်ကျေးမှုနှင့်လူမှုရေး ဆက်နွယ်မှုများ အား မြှင့်တင်ပေးရန် သန္နိဌာန်ကို ဖော်ပြနေခြင်းဖြစ်ပါကြောင်း၊ အာဆီယံ အဖွဲ့ကြီး၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတား တည်ဆောက်ရေးမှာ ပြည်သူနှင့် ပြည်သူအကြား အပြန်အလှန်ဖလှယ်မှု မြှင့်တင် ရေး၏အရေးပါမှုကို အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ထုံးတမ်းစဉ်လာ များနှင့် မတူကွဲပြားမှုများသည်  အာဆီယံဒေသကြီး၏ အရောင်အသွေးစုံလင်သော ပန်းချီကားချပ်ကြီး အား ပုံဖော်ပေးနေသည့်အရာများ ဖြစ်သည့်အတွက်  ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်း လာစေရေးနှင့် ပြည်သူများအကြား နားလည်မှု အပြန်အလှန်မြှင့်တင်ရေး မြန်မာနိုင်ငံ၏ ရည်မှန်းချက် များနှင့် ကိုက်ညီမှုရှိသည့်အစီအစဉ်အား ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ အာဆီယံ–တရုတ် ပြည်သူများအကြားဖလှယ်ရေးနှစ် အစီအစဉ်ကြီးမှတစ်ဆင့် မိမိတို့၏မတူကွဲပြားသော လူမှုအဖွဲ့ အစည်းအကြား ညီညွတ်ချစ်ကြည်မှု၊ အပြန်အလှန် လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အား မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၁၂:၀၀ နာရီတွင် Empark Exhibition  Grand Hotel တွင် ပြည်ပနိုင်ငံများနှင့်ရင်းနှီးချစ်ကြည်မှုဆိုင်ရာ တရုတ်ပြည်သူများ အသင်းကြီးမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု နေ့လည်စာစားပွဲ သို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

အဆိုပါ မိန့်ခွန်းတွင် အာဆီယံ–တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် အစီအစဉ်သည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့၏ အနှစ်သာရ ဖြစ်သည့်အတွက် မိမိတို့၏မတူကွဲပြားသည့် အသိုက်အဝန်းများအကြား ယဉ်ကျေးမှု အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်မှု မြှင့်တင်ရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပေးသည့်အတွက် အိမ်ရှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများ အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်သူများအကြား အပြန်အလှန် ဖလှယ်မှုအတွက် ကြိုးပမ်းအားထုတ်မှုများသည် မြန်မာနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ မတူကွဲပြားမှု များနှင့်လိုက်လျောညီထွေမှုရှိပါကြောင်း ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ ထိန်းသိမ်းမြှင့်တင်ရေး၊ အပြန်အလှန် လေးစားမှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုများအကြား အပြန်အလှန် ဆွေးနွေးဖလှယ်ရေးများ အရေးပါမှုကို သိရှိနားလည်ကြသည့်အားလျော်စွာ အာဆီယံ–တရုတ် ပြည်သူများအကြား ဖလှယ်ရေး ကဲ့သို့သောအစီအစဉ်များမှ သံတမန်ဆက်ဆံမှုများအပြင် ပြည်သူများ၏ ဘဝများအပေါ် တိုက်ရိုက်

၃

အကျိုးသက်ရောက်မှုရှိစေမည့် ရေရှည်ချိတ်ဆက်မှုများအား ဖန်တီးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

နေ့လည် ၁၄:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် အာဆီယံ ကိုယ်စားလှယ်များနှင့်အတူ Maritime Silk Road Culture Square တွင် ကျင်းပသည့် ASEAN-China Spring Festival Carnival သို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညနေ ၁၅:၀၀ နာရီတွင် Fujian Lakeside  ဟိုတယ်တွင် ကျင်းပပြုလုပ် သော  Pot – side Chats “Time for Tea, Time for us” အစီအစဉ် သို့တက်ရောက်ပြီး ဖူးကျန့် ပြည်နယ်၏ လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှုရှင်းလင်းတင်ပြသည့်  အခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။ ညပိုင်း ၁၉:၀၀ နာရီတွင် Fujian Theatre တွင် ကျင်းပပြုလုပ်သည့် “ The Dream of the Maritime  Silk Road” တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်အားပေးခဲ့ပါသည်။ ဖေဖေါ်ဝါရီ၃ရက်နေ့တွင်မြန်မာကိုယ်စားလှယ်အဖွဲ့သည်လေ့လာရေးခရီးစဉ်အဖြစ် Fuzhou Hotspring Park, Three Lanes and Seven Alleys  သမိုင်းဝင်ယဉ်ကျေးမှုနယ်မြေ၊ “Vision 3820” မဟာဗျူဟာစီမံကိန်းနှစ်၃၀ပြည့်အထိမ်းအမှတ်ပြပွဲနှင့် Yantai Mountain သမိုင်းဝင်နယ်မြေများသို့အာဆီယံအဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များနှင့်အတူလေ့လာရေးခရီးသွားရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Loading