ကရင်တိုင်းရင်းသားရိုးရာဂီတနှင့်အက ရက်တိုသင်တန်းဖွင့်လှစ်ခြင်း၊ ကရင်တိုင်းရင်းသားရိုးရာတူရိယာပစ္စည်း လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ “ကရင်တိုင်းရင်းသားရိုးရာဂီတနှင့် အက ရက်တိုသင်တန်းဖွင့်လှစ်ခြင်း”၊ “ကရင်တိုင်းရင်းသားရိုးရာတူရိယာပစ္စည်း လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား”ကို ၂၀-၂-၂၀၂၆ ရက်နေ့(သောကြာနေ့)၊ နံနက် (၉:၀၀)နာရီ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊

ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ကရင်တိုင်းရင်းသားရိုးရာ စာပေ၊ ဂီတနှင့်အကပညာရှင် ဦးစောဝဏ္ဏထွန်းက ကရင်တိုင်းရင်းသားရိုးရာ မင်္ဂလာဖားစည်၊ အိုးစည်၊ နာဒိန်စောင်း တူရိယာများ လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားပါသည်။ ပါမောက္ခချုပ်ထံ တူရိယာများ ပေးအပ်လှူဒါန်းပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ကျေးဇူးတင်စကားပြောကြားပါသည်။

ဆက်လက်၍ ကရင်တိုင်းရင်းသားရိုးရာ ဂီတပညာရှင် ဦးစောကျော်ညွန့်က နာဒိန်စောင်းတီးခတ်သီဆိုမှုဖြင့် တင်ဆက်ပါသည်။ သင်တန်းသားများကလည်း ဒုံးအကဖြင့်ဖျော်ဖြေ တင်ဆက်ပါသည်။

ထို့နောက် ပါမောက္ခချုပ်က ပညာရှင် (၂)ဦးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Loading