အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏  (၁/၂၀၂၆) မတ်လ၊ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏  (၁/၂၀၂၆) မတ်လ၊ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ၃၁-၃-၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အပေါ်ထပ် ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊  ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

            အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြား ပါသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများက ဌာနအလိုက် သင်ကြားမှု၊ ဆောင်ရွက်မှုများကိုလည်းကောင်း၊ တက္ကသိုလ်ဝင်းအတွင်းနှင့် ၃၆၂ ဝန်ထမ်းအိမ်ရာ များ၏ လုံခြုံရေးနှင့် အိမ်ရာများမှ အုပ်ချုပ်မှုကော်မတီများကလည်းကောင်း၊ ဒဂုံဆောင်၊ မဉ္ဇူဆောင်၊ မြတ်လေးဆောင်တို့မှ အဆောင်မှူးများကလည်းကောင်း ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြပါသည်။

            ဌာနအသီးသီး၏ ဆွေးနွေးတင်ပြချက်များကို ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြပါသည်။  ဆက်လက်၍ ပါမောက္ခချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဝန်ထမ်းမိသားစုများ၏ အသက် (၈၅)နှစ်နှင့် အထက်ရှိ သော ဝန်ထမ်းမိဘ (၉)ဦးအား မြန်မာ့နှစ်ဦးအကြိုအဖြစ် လက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Loading