ဟိုတယ်၊ခရီးသွားလာရေးနင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်မှုများကို ကြည့်ရှုစစ်ဆေး

ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း ရပ်ကွက်ရှိ အနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Art Center – Yangon)သို့ ရောက်ရှိကာ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။              

            ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင် Myanmar Land & Development Ltd  ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director ဒေါ်ယုယုနိုင်က  နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) တည်ဆောက်ရေးစီမံကိန်းတွင် အဆောက်အဦ ဘေးကာရံမှုများကို ၅ လနှင့်အပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပိုင်း(၃)ပိုင်းရှိပါကြောင်း၊ အပိုင်း(၁)အနေဖြင့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟို ဌာန(ရန်ကုန်) အဆောက်အအုံတွင် ဆက်လက်ဆောင်ရွက်ရမည့် ဘေးအကာနံရံများ ကာရံခြင်း၊ ဆောင်ရွက်ရန် ကျန်ရှိနေသော Steel Column များ၊ အမိုးအသစ် မိုးခြင်းလုပ်ငန်းနှင့် အမိုး အဟောင်းများ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

            အဆိုပါ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန အဆောက်အအုံကို ၂၀၂၄ – ၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင်  Site Clearing Work ဆောင်ရွက်ခြင်း၊ RC Structure နှင့်ပတ်သက်သော သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Steel Structure သန့်ရှင်းရေးနှင့် Fire Proof ဆေး သုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ ကြမ်းခင်းပြုပြင်ရန် လိုအပ်သော Basement အထပ် များအား ကြမ်းခင်းပြုပြင်ခြင်း၊ 1250KVA Transformer (၁) လုံးနှင့် 11KV လိုင်းချိတ်ဆက် ဆောင်ရွက်ခြင်း၊ Gal (30000) Ground Tank (၂) လုံး တည်ဆောက်ခြင်းနှင့်  8″ Tube Well (၂) လုံး တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။           ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) အဆောက်အအုံအတွင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ ဘေးအကာ နံရံများကာရံခြင်း၊ အမိုးအသစ်မိုးခြင်းနှင့် အမိုးအဟောင်းများ ပြုပြင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Loading