ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ ပညာဌာနအလိုက် စာသင်ကြားမှု အခြေအနေများအား ကြည့်ရှု

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း သည် ဇူလိုင်လ ၁၅ ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်) ပညာဌာနအလိုက် စာသင်ကြားမှု အခြေအနေများကို ကြည့်ရှုရာ  သဇင်ဆောင်၌ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှင့် စာပေပညာဌာနတို့၏ သင်ကြားမှုများကိုလည်းကောင်း၊ ကံကော်ဆောင်၌ ပန်းချီပညာ ဌာနနှင့် ပန်းပုပညာဌာနတို့၏ သင်ကြားမှုများကိုလည်းကောင်း၊ ကုမုဒြာဆောင်၌ သဘင် ပညာဌာနနှင့် ဂီတပညာဌာနတို့၏ သင်ကြားမှုများကိုလည်းကောင်း ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုစွမ်းရည်များကို အားပေး ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

Loading