ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော “လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေးစီမံချက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို ၂၄-၇-၂၀၂၆ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ Burnet Institute မှ ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒေါက်တာအေးငြိမ့်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ (မိခင်နှင့်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြန်မာနိုင်ငံ၏ လက်ရှိမိခင်သေနှုန်း၊ လူငယ်များနှင့်ပတ်သက်သော ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ ဒေါက်တာ ဥဂ္ဂါဖြိုး၊ လက်ထောက်ညွှန်ကြားရေးမှူး (ခုခံကျ/ကာလသား/ မျက်ခမ်းစပ်/မျက်မမြင်) ရန်ကုန်တိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနက Beyound the happiness အကြောင်း ရှင်းလင်းတင်ပြ ခြင်း၊ Burnet Institute က ဆယ်ကျော်သက် လူငယ်များ၏ မျိုးဆက်ပွားကျန်းမာရေးမြှင့်တင်ခြင်း စီမံချက်အကြောင်း ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း နှင့် ဆွေးနွေးခြင်းဆောင်ရွက်ပြီး အခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
![]()