အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ၆-၈-၂၀၂၆ ရက်နေ့၊ နံနက် ၀၇:၃၀ နာရီ၌ တက္ကသိုလ်ဝင်းအတွင်းရှိ ကံ့ကော် ဆောင်ဘေး မြေကွက်လပ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပါမောက္ခချုပ်က ဒုတိယပါမောက္ခချုပ်များထံသို့ ပျိုးပင်များပေးအပ်ခြင်း၊ ပါမောက္ခများထံသို့ ပျိုးပင် များပေးအပ်ခြင်း၊ အရာထမ်း၊ အမှုထမ်းများထံသို့ ပျိုးပင်များပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမ များနှင့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ခရေပင်နှင့် မဟော်ဂနီစသည့် သစ်ပင်ပျိုးပင်များစိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

![]()