အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ထိန်းသိမ်းမျှဝေ ယဉ်ကျေးမှုအမွေ(၇/၂၀၂၆)ဟောပြောပွဲအခမ်းအနားကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၅-၂၀၂၆ပညာသင်နှစ်၏ Academic Event Calendar အရ ထိန်းသိမ်းမျှဝေ ယဉ်ကျေးမှုအမွေ(၇/၂၀၂၆) ဟောပြောပွဲ အစီအစဉ်တွင် ဝဏ္ဏကျော်ထင် သီဟသုဓမ္မသိင်္ဂီ ဒေါက်တာနန္ဒာမွှန်းက ခေါင်းစဉ်ဖြင့် ဟောပြောခြင်း အစီအစဉ်ကို ၁၈-၈-၂၀၂၆ ရက်နေ့၊ နံနက် ၁၀: ၀၀ နာရီမှ ၁၂: ၀၀နာရီထိ “၂၁ရာစု ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်သော အတွေးအမြင်များ Perceptions on 21st Century Cultural Preservation and Conservation”  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊  ပညာဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ခန့် တို့က In person ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက် ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန် ဌာနခွဲ)၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)၊ အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)တို့မှ တာဝန်ရှိသူ စုစုပေါင်း(၁၀၀)ကျော်တို့က Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှာစကားပြောကြားပြီး ဝဏ္ဏကျော်ထင် သီဟသုဓမ္မသိင်္ဂီ ဒေါက်တာနန္ဒာမွှန်းက “၂၁ရာစု ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်ပတ်သက်သော အတွေးအမြင်များ Perceptions on 21st Century Cultural Preservation and Conservation”  ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဝဏ္ဏကျော်ထင် သီဟသုဓမ္မသိင်္ဂီ ဒေါက်တာနန္ဒာမွှန်းအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပါသည်။

Loading