
ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ပန်းချီပညာဌာနနှင့် ပန်းပုပညာဌာနမှ မဟာဝိဇ္ဇာပထမနှစ်၊ မဟာဝိဇ္ဇာ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ၏ “ပန်းချီကားများနှင့် ပန်းပုရုပ်တုများပြပွဲ” ဖွင့်ပွဲအခမ်း အနား ကို ၇-၉-၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဦးခိုင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းအောင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီဝင် ပန်းချီပညာရှင် ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဒဂုံမြို့နယ်မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း အင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းအောင်၊ ပန်းချီပညာရှင် ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့် ဧည့်သည်တော်များသည် ပြသထားသည့် ပန်းချီကား (၁၀၃)ကား နှင့် ပန်းပုရုပ်တု (၅)ရုပ်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အဆိုပါပြပွဲကို ၇-၉-၂၀၂၆ ရက်နေ့မှ ၈-၉-၂၀၂၆ ရက်နေ့အထိ (၂)ရက်ကြာ အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။
![]()