ယဉ်ကျေးမှု ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လုပ်ငန်းများ လှည်လည်ကြည့်ရှုစစ်ဆေးခြင်း

ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၂၈-၁၁-၂၀၂၆)ရက်နေ့၊ နေ့လယ်ပိုင်းတွင် မန္တလေးငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနုပညာဦးစီးဌာန၊ အမျိုးသားကဇာတ်ရုံ(မန္တလေး) ပြင်ဆင် ထိန်းသိမ်းမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း တင်ပြခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ အရည်အသွေးကောင်းမွန်ပြီး ရေရှည်ကြံ့ခိုင်မှုရှိစေရေးဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြင်ဆင်ထိန်းသိမ်း ထားရှိသည့် မြနန်းစံကျော်ရွှေနန်းတော် သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက အဆောက်အဦများ၌ ဆေးရောင်ယိုယွင်းမှုများ ဖြစ်ပေါ်နေသည့်နေရာများအား မူလအရောင် အတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး အထူး အလေးထား ဆောင်ရွက်ရန်၊ အဆောက်အဦများအတွင်း အလင်းရောင် ပိုမိုရရှိစေရေးနှင့် လေဝင်လေထွက်ကောင်မွန်စေရေး  ဆောင်ရွက်ရန်၊ ပြည်ပဧည့်သည်များ လာရောက်လေ့လာ ရာတွင် အဆင်ပြေမှုရှိစေရန်အတွက် ဆိုင်းဘုတ်စာသားဖော်ပြချက်များအား အင်္ဂလိပ်ဘာသာ ဖြင့်လည်း ရေးသားဖော်ပြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)၊ မဟာအတုလဝေယံ (အတုမရှိကျောင်း) တို့၏ ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေး ထား ဆောင်ရွက်ရန်နှင့် အလင်းရောင်နည်းသည့်နေရာများတွင် အလင်းရောင်ရရှိစေရေး ဆောင်ရွက် ရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။

ထို့နောက် ရတနာပုံခန်းမသို့ရောက်ရှိပြီး အခမ်းအနားများ ကျင်းပနိုင်မှုအခြေအနေကို ကြည့်ရှုရာ စားပွဲဝိုင်းဖြင့် (၁၅၀၀)ဦး၊ Theatre Set Up ဖြင့် (၂၅၀၀)ဦး ဝင်ဆံ့ကြောင်း တာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့ရာ သင့်တော်သည့် အခမ်းအနားများ ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ပြည်ထောင်စု ဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

Loading