ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားပုထိုး များ Online Registration ဖြင့် ကြိုတင်စာရင်း ပေးသွင်း၍ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အတွင်းရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည့် သမိုင်းတန်ဖိုး လက်ရာတန်ဖိုးကျန်ရှိသော ရှေးဟောင်းဘုရားပုထိုးများအနက်မှ အောက်ပါ ဘုရား (၁၆)ဆူသို့ Covid-19 ရောဂါ ကန့်သတ် စည်းကမ်းသက်မှတ်ချက်များနှင့်အညီ ဝင်ရောက် ကြည့်ရှုလေ့လာရန် http://pagoda.codexmyanmar.com တွင် ကြိုတင်စာရင်းရေးသွင်း နိုင်ပါကြောင်း သတင်းပါးဖော်ပြအပ်ပါသည် –

စဉ် ဘုရားအမှတ် ဘွဲ့တော်
၁ ၂၉၈ ဂူပြောက်ကြီး(ဝက်ကြီးအင်း)
၂ ၄၇၇၊၄၇၈၊၄၇၉ ဘုရားသုံးဆူ
၃ ၄၈၂ သမ္ဘူလဂူဘုရား
၄ ၁၀၃၀ ၊  ၁၀၃၁ အရှေ့ဖက်လိပ် ၊  အနောက်ဖက်လိပ်
၅ ၁၂၀၂ အပါယ်ရတနာ
၆ ၁၃၂၃ ဂူပြောက်ကြီး(မြင်းကပါ)
၇ ၁၅၁၂ မြေဘုံသာဘုရားလှ
၈ ၁၅၈၀ ‌လောကထိပ်ပန်
၉ ၁၆၀၅ ပုထိုးသားများ
၁၀ ၆၅၉ ဝိနည်းဓိုရ်
၁၁ ၁၃၉၁ ဂူပြောက်ငယ်(မြင်းကပါ)
၁၂ ၁၄၆၇ လောကဥလျောင်
၁၃ ၁၄၈၁ ပဲနံ့သာဂူ
၁၄ ၁၈၅၂ ခေမင်္ဂစေတီ
၁၅ ၂၁၂၁ ဥပါလိသိမ်
၁၆ ၂၁၆၂ အာနန္ဒာအုတ်ကျောင်း

Loading