(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ကျန်းမာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်                                                                     စက်တင်ဘာ ၂၉

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျန်းမာရေး ဝန်ကြီးဌာနကသတ်မှတ်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခမ်းနား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးကိုကို၊ ဦးစီးကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာလုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ နှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေး ရှုထောင့်မှ ပံ့ပိုးနိုင်မည့် နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို ဆွေးနွေးခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.