သင်ကြားရေးဆိုင်ရာနည်းစနစ်များပို့ချမှုသင်တန်း (Pedagogical Training Course) ဖွင့်လှစ်ခြင်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားရေးဆိုင်ရာနည်းစနစ်များ ပို့ချမှုသင်တန်း (Pedagogical Training Course)ကို သင်ကြားရေးဌာနများတွင် တာ၀န်ထမ်းဆောင်လျက်ရှိသော ဘာသာရပ်ဆိုင်ရာ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ ဌာနအသီးသီးတွင် သင်ကြားရေးတာဝန် ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဆရာတစ်ဦး၏ သင်ကြားရေးဆိုင်ရာ တာ၀န်၀တ္တရားများ၊ သင်ကြားရေးနယ်ပယ်၌ တွေ့ကြုံနိုင် သည့် အခက်အခဲများ၊ ဖြေရှင်းနိုင်သည့် နည်းလမ်းများကို သိရှိနိုင်စေရန်၊ သင်ကြားရေး ဆိုင်ရာ ဗဟုသုတများ ပိုမိုကြွယ်၀၍ နိုင်ငံ့တာ၀န်ကို အရည်အသွေးပြည့်၀စွာ ထမ်းဆောင်နိုင်သည့် သင်ကြားရေး၀န်ထမ်းများအဖြစ် တာ၀န်ထမ်းဆောင်နိုင်စေရန်၊ ထူးချွန်သည့် မျိုးဆက်သစ် အနုပညာရှင်ကောင်းများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများအား ပိုမိုထိရောက် အောင်မြင်အောင် လေ့ကျင့်သင်ကြားမွေးထုတ်သွားနိုင်စေရန်နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဆရာ၊ဆရာမများအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်ကဏ္ဍကိုမြှင့်တင်နိုင်စေရေးဟူသော ရည်ရွယ်ချက်များဖြင့်  ဝန်ကြီးဌာန၏လမ်းညွှန်ချက် နှင့်အညီဖွင့်လှစ်ခဲ့ရာ   အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ သင်တန်းသား၊သင်တန်းသူ (၁၄)ဦး တက်ရောက်ခဲ့ပါသည်။ 

အဆိုပါ သင်တန်းကို   ၂၆-၁၂-၂၀၂၃ ရက်နေ့မှ ၂၈-၁၂-၂၀၂၃ ရက်နေ့အထိ နံနက် ၁၀:၃၀ နာရီမှ ၁၅:၃၀ နာရီအထိ  သင်ကြားပို့ချသွားခဲ့ရာ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနတို့မှ ဌာနမှူး များနှင့် ဒုဌာနမှူးတို့က သင်ခန်းစာများ ပို့ချခဲ့ပါသည်။ ၂၈-၁၂-၂၀၂၃ ရက်နေ့၊ ၁၃:၃၀ နာရီတွင်  သင်ခန်းစာပြီးဆုံးမှုစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီး ၁၅:၀၀နာရီတွင် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ ပါမောက္ခချုပ်က သင်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့သူများ အား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.