အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် သရုပ်ဖော်ရေဆေးပန်းချီပြိုင်ပွဲကျင်းပခြင်း

          ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီး ကော်မတီက ၈-၃-၂၀၂၄ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် သရုပ်ဖော်ရေဆေးပန်းချီပြိုင်ပွဲကို “အရှိန်အဟုန်ဖြင့် တိုးတက်ရေး၊ အမျိုးသမီးများတွင် မြှုပ်နှံပေး” ခေါင်းစဉ်ဖြင့်  ၂၉-၂-၂၀၂၄ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင် ဒုတိယထပ်ရှိ  ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ၊ ဌာနမှူးများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။

          အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် သရုပ်ဖော် ရေဆေးပန်းချီပြိုင်ပွဲတွင် ရန်ကုန်တက္ကသိုလ်မှ (၁)ဦး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ (၁)ဦး၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ (၁)ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ (၁၅)ဦး၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)မှ (၃)ဦး၊ သမဝါယမကောလိပ် (ဖောင်ကြီး)မှ (၂)ဦး၊ ကျောင်းသူ (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

          ပြိုင်ပွဲဝင်ရေဆေးပန်းချီအနက် ပထမ၊ ဒုတိယ၊ တတိယ ရရှိထားသည့် ပြိုင်ပွဲဝင်လက်ရာများ ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.