သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ (၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်မှစတင်၍ ပုဂံယဉ်ကျေး မှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ် – ၁ (ရွှေစည်းခုံစေတီတော်မြတ်ကြီး) ၊ ရှေးဟောင်းအဆောက်အအုံအမှတ်- ၁၈၁၂ (ထီးလိုမင်းလိုဘုရား)နှင့် ရှေးဟောင်း အဆောက် အအုံအမှတ် – ၂၃၅ (သိကြားပုန်းဘုရား)များသို့ ဖူးမြော်ကြည်ညို၍ သိကြားပုန်း ဘုရားရှိ တိုက်မနှင့်အာရုံခံများတွင် ဗုဒ္ဓဝင်ခန်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ ထည့်သွင်းပူဇော်ထားမှု အခြေအနေ၊ သိကြားပုန်းဘုရားအနီး ပျိုးခြံတည်ဆောက်ခြင်း၊ ရင်ပြင်တိုးချဲ့ခြင်းနှင့် ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်းနေရာဒေသမြင်ကွင်း မထိခိုက်စေဘဲ ဒေသမျိုးရင်း ပင်များဖြစ်သည့် မန်ကျည်းပင်၊ ထန်းပင်များစိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)သည် ရှေးဟောင်းအဆောက်အအုံအမှတ် -၁၆၄၃ (ဖောင်တော်ဦးဘုရား)တွင် သွပ်မိုး Redoxide သုတ်ခြင်းနှင့် ရေနံချေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ရှေးဟောင်းအဆောက်အအုံအမှတ်-၁၆၅၇(ဗူးဘုရား)အား ဖူးမြော် ကြည်ညို၍ ဗူးဘုရားနှင့် ရှေးဟောင်းအဆောက်အအုံအမှတ်-၁၆၂၂(ကန်တော့ပလ္လင်ဘုရား) အနီးဝန်းကျင်တွင် ဒေသမျိုးရင်း မန်ကျည်းပင် စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခြင်း ၊ အိန္ဒိယနိုင်ငံ Archaeological Survey of India(ASI)အဖွဲ့နှင့် ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံ အမှတ်- ၁၆၇၀ (မဟာဗောဓိဘုရား)နှင့် ၁၄၉၉(မီးငြိမ်းကုန်းဘုရား)သို့ သွားရောက်၍ လုပ်ငန်း
၂
ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ဆက်လက်၍ ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြတိုက်/ပြခန်းခင်းကျင်းပြသ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြတိုက်ရေရှည်ကြံ့ခိုင်မှုရှိစေရန် ထိန်းသိမ်းရေး ဆောင်ရွက်ရမည့် အခြေအနေများ၊ ရွာဟောင်းကြီး Complexတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော တူးဖော်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
![]()