အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅ – ၂၀၂၆ ပညာသင် နှစ်၊ (၃၂) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက် အခမ်းအနားကို ၈.၁.၂၀၂၆ ရက်နေ့၌ သရဖီဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမပိုင်းအစီအစဉ်အဖြစ် ပညာဌာနအသီးသီးမှ ပြခန်းများခင်းကျင်းပြသခြင်း၊ အမှတ်တရ ပစ္စည်းများကို အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း တို့ကို ဆောင်ရွက်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာကြပြီး အမှတ်တရပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များကို ဝယ်ယူအားပေးခဲ့ကြပါသည်။
ဒုတိယပိုင်းအစီအစဉ်တွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)တို့က ဆက်လက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပညာဌာနအသီးသီးမှ ဖျော်ဖြေရေး အစီအစဉ်များကို တင်ဆက်ခဲ့ကြပါသည်။
တတိယပိုင်းအစီအစဉ်တွင် ပညာဌာနအသီးသီးမှ မောင်မယ်များမှ ယဉ်ပြိုင်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် တက္ကသိုလ် မောင်မယ်ရွေးချယ်ခြင်း၊ တက္ကသိုလ် မောင်မယ်များအား ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)တို့မှ ဆုချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနား ကို ညနေ ၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။








![]()