၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ ထိန်းသိမ်းမျှဝေ ယဉ်ကျေးမှုအမွေ ( ၂/ ၂၀၂၆ ) “စာပေနှင့် ပညာရေးစနစ်ကို ဖော်ထုတ်ခဲ့သူ အနိရုဒ္ဓ (၁၀၄၄-၁၀၇၇)၏ သာသနာ၊ စာပေနှင့် ပညာရေးဆောင်ရွက်ချက် ” ဟောပြောပွဲ အခမ်းအနားကျင်းပခြင်း

     အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊     ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ထိန်းသိမ်းမျှဝေယဉ်ကျေးမှုအမွေ (၂/၂၀၂၆) “စာပေနှင့်ပညာရေးစနစ်ကို ဖော်ထုတ်ခဲ့သူ အနိရုဒ္ဓ ( ၁၀၄၄ – ၁၀၇၇ )၏သာသနာ၊ စာပေနှင့် ပညာရေးဆောင်ရွက်ချက်”ဟောပြောပွဲအခမ်းအနားကို ၂၀-၁-၂၀၂၆ ရက်နေ့၊  နံနက် (၁၀:၀၀) နာရီမှ (၁၂:၃၀)နာရီထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များ ကောင်စီဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ပညာဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)တို့မှတာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းအင်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) စသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့မှ ဆရာ၊ ဆရာမများက Zoom Meeting Online စနစ်ဖြင့်   တက်ရောက်ခဲ့ကြပါသည်။ စုစုပေါင်း (၄၂၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          ဟောပြောပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာများကောင်စီဝင်၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) သိပ္ပကျော်စွာ စည်သူ ဒေါက်တာတိုးလှက “စာပေနှင့်ပညာရေးစနစ်ကို ဖော်ထုတ်ခဲ့သူ အနိရုဒ္ဓ (၁၀၄၄-၁၀၇၇)၏ သာသနာ၊ စာပေနှင့် ပညာရေးဆောင်ရွက်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်လာသူများကလည်း သိလိုသည် များကို မေးမြန်းခဲ့ကြပါသည်။           ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီဝင် မြန်မာ သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ သိပ္ပကျော်စွာစည်သူဒေါက်တာတိုးလှအား ဂုဏ်ပြုလက်ဆောင်ပေးအပ် ချီးမြှင့်ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍  အခမ်းအနားကို နေ့လယ် (၁၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading