56th Meeting of the ASEAN Committee on Culture and Information

ၐ၈.၉.၂၀၂၁                                                                                                နေပြည်တော်

           ၂၀၂၁ ခုနှစ် ASEAN COCI အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှ ကြီးမှူး ကျင်းပပြုလုပ်သည့် (၅၆)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်ပြန်ကြားရေးကော်မတီ အစည်း အဝေးသို့ မြန်မာနိုင်ငံ ASEAN COCI ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် COCI-SCC တာဝန်ခံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် COCI- SCI တာဝန်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး တွင်  (၂၂)ကြိမ်မြောက် SCCနှင့် SCI အစည်းအဝေးတို့မှ တင်ပြလာသည့် ကိစ္စရပ်များနှင့် “မတူကွဲပြားခြင်းနှင့် ဖန်တီးနိုင်စွမ်း – အာဆီယံအတွက် ရေရှည်တည်တံ့သော အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

Loading