ပုဂံဒေသရှိ အရိမဒ္ဒနပူရနန်းတော်

တူးဖော်တွေ့ရှိခဲ့သည့် ပုဂံနန်းတော်ရာသည် ပုဂံမြို့ဟောင်း၊ ပုဂံ-ညောင်ဦးလမ်း၏ တောင်ဘက် ခြမ်းတွင် တည်ရှိသည်။ နန်းတော်ရာကို ၁၉၈၉ မှ ၂၀ဝ၃ ခုနှစ်အထိ ဘတ်ဂျက် ခွင့်ပြုငွေဖြင့် တူးဖော်ခဲ့သည်။ ယခုအခါတွင် အနော်ရထာမင်း၏ နန်းတော်ရာကို ပုဂံဒေသရှိ ဂူဘုရားများ၏ နံရံပန်းချီတွင် တွေ့ရသော အထောက်အထားများအတိုင်း ၂၀၀၃ ခုနှစ်တွင် ပြန်လည်စတင် တည်ဆောက်ခဲ့ရာ ၂၀၀၇ ခုနှစ် တွင် ပြီးစီးခဲ့ပါသည်။ အဆိုပါ နန်းဆောင်များကို အရှေ့စမုခ်ဆောင်၊ သီဟာသနဆောင်၊ ပဉ္စပါသာဒ ရွှေနန်းတော်ကြီး၊ ဇေတဝန်စနုဆောင်၊ ဇေတဝန်ဆောင်၊ တောင် စမုခ်ဆောင်၊ မြောက်စမုခ်ဆောင်၊ ဘိသိက်ဆောင်တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပါသည်။