မန္တလေးမြနန်းစံကျော်ရွှေနန်းတော်

အေဒီ ၁၈၅၃ တွင် မင်းတုန်းမင်းတရားကြီးက တည်ဆောက်ခဲ့ပါသည်။ အဆိုပါ အဆောက်အအုံကို ကျောက်အုတ်ပန္နက်ပေါ်တွင် အဆောက်အအုံပေါင်း (၁၁၄)ခုဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပြီး၊ ပလက်ဖောင်း အလျားမှာ (၁၀ဝ၄) ပေရှိပြီး အကျယ်မှာ (၅၄၇) ပေ ရှိပါသည်။ အဆောက်အအုံများနှင့် ခန်းမများအားလုံးကို အဆောင်အစု ( ၃ )ခုဖြင့် ဖွဲ့စည်းထားပါသည်။

ဗြိတိသျှအုပ်ချုပ်စဉ်ကာလက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြနန်းစံကျော် ရွှေနန်းတော်အဆောက်အအုံအတွက် အသေးစိတ် ပုံဆွဲများကိုလည်း လုပ်ဆောင်ခဲ့ ပါသည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော ဂျပန်နှင့် ဗြိတိသျှစစ်တပ်များ၏ တိုက်ခိုက်မှုတို့ကြောင့် မြနန်းစံကျော်အဆောက်အအုံ တစ်ခုလုံးသည် အလုံးစုံပျက်စီးခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် မြနန်းစံကျော်ရွှေနန်းတော် အဆောက်အအုံအသစ်ကို ပြန်လည်တည်ဆောက် ခဲ့ပါသည်။ ပြန်လည်တည်ဆောက်ခဲ့သည့် မြနန်းစံကျော်ရွှေနန်းတော်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လွတ်လပ်ရေးကို ကိုယ်စားပြုပြီး၊ မြန်မာလူမျိုးတို့တွင်ရှိသော အမျိုးသားရေး မျိုးချစ် စိတ်ဓာတ်ကိုလည်း လှုံ့ဆော်နေပါသည်။